Wednesday, October 31, 2018

လိုင်းကားပေါ်မှ လွဲချော်မှုအချို့ (၁)


=========================
     ရေဂင်မှန်ကြည့်နေသည် စောစောကရေချိုးထားသဖြင့် လန်းဆန်းတတ်ကြွနေသည်။ ရှေ့တည့်တည့်တွင် ကြည့်မှန်ရှိ၍ ကြည့်မှန်နှင့် သူ့ကြားတွင် အင်္ကျီနှစ်ထည်က ခေါက်လျက်သား ကျကျနန နေရာယူထားသည်။ ရေဂင်တို့ထုံးစံရှိသည့်အတိုင်း ဘယ်အင်္ကျီဝတ်ရမှန်းမသိ တွေဝေနေသည်။တစ်ထည်ပြီးတစ်ထည် မှန်ရှေ့တွင်စမ်းသပ်ကာ နောက်ဆုံးမျက်လုံးစုံမှိတ်၍ တစ်ထည်ကို မဲနှိုက်ရွေးချယ်လိုက်သည်။

    သူကျူရှင်တတ်ဖို့ပြင်သည် စာမေးပွဲလည်းနီးပြီမို့ လစ်လို့ကမဖြစ်။ ရေဂင်သည် ကျောင်းနေပျော်၍ စာမတော်သောကျောင်းသားတစ်ယောက်ဖြစ်ရကား ယခုချိန်ထိ အဝေးသင်နှင့်လုံးချာပတ်ချာ လည်နေရခြင်းလည်းဖြစ်သည်။ထို့နောက် မြန်မာရုပ်ရှင်နှင့်ဗီဒီယိုများထဲကအတိုင်း ရေဂင်မှာ ကျူရှင်ခန်းရှေ့ချက်ခြင်းရောက်မသွားပါ။ ခင်ဗျားတို့သိကြသည့်အတိုင်းလမ်းတွင် ကားများပိတ်ဆို့နေ၍ဖြစ်သည်။ သူ Bus ကားပေါ်တစ်ရေးလောက်အိပ်ရဖို့ပြင်ပေမယ့် ထိုင်ခုံမရဘဲ မတ်တတ်စီးရသူမို့ အကြံမထမြောက်ခဲ့ပါ။

     သူ့ပတ်ဝန်းကျင်ကို အကဲခက်လိုက်တော့ သူ့မျက်လုံးအမြင်အာရုံက Bus ရဲ့နောက်ဆုံးခုံတန်း အလယ်နေရာတွင်နေရာလွတ်တစ်ခုကိုတွေ့သည် မုတ်ဆိတ်ပျားဆွဲပဲဆိုရမလား၊ တကာပေါ်အချိုထပ်တယ်ပဲပြောရမလားမ သိဘေးနှစ်ဘက်မှာတော့ဖြစ် အလန်းဇယားနဲ့ ဖလန်းဖလန်းထ(ooredooကြော်ငြာမဟုတ်ပါ) နေတဲ့ခေတ်ကာလရဲ့သမီးပျိုနှစ်ပါးက အရံသင့်သားထိုင်နေပါကလား။
"ငါ့အကြိုက်ပေကိုကား"
စိတ်ထဲကကြုံးဝါးလိုက်သည်မို့ မည်သူမှတော့ကြားမည်မထင်ပါ အကြပ်အတည်းများကြားက အရာရာကျော်ဖြတ်၍ လိုရာပန်းတိုင် (အဲ့လေ) ထိုင်ခုံနေရာသို့ သူရောက်အောင်တိုးရင်း နဂိုကတည်းကဖင်နှေးသူမဟုတ်ရကား ဘယ်သူမှမဦးခင် သူကဦးအောင်အလျှင်အမြန်ပင် အရှိန်အဟုန်ဖြစ် ထိုင်ချလိုက်ရာမှတည်..............
သည်နေ့အနည်းငယ်ထူးဆန်းနေသည် သို့နှင့်တိုင် ရေဂင်တို့ထုံးစံရှိသည့်အတိုင်း တွေနေဝေနေကာ သိသိလျက်နှင့် သေချာအောင်စဉ်းစားနေလိုက်သည်။အေးတိအေးစက်အထိအတွေ့တစ်ချို့ သူ့ဖင်ထိုင်ခုံမှ ခံစားမိနေသလိုလို၊ ခိုးခိုးခစ်ခစ်ရယ်သံတစ်ချို့ သူ့နားမှာ ကြားနေမိသလိုလို၊ မျက်လုံးအချို့၏ အာရုံကျနေမှုအချို့ကိုလည်း ခံစားလာသလိုလိုနှင့်မို့ ထရပ်လိုက်ဖို့ပြင်ပေမယ့် သူဟာတွေဝေနေတတ်သူပင်မဟုတ်ပါလားလေ။ သူ့ဖင်အောက်က အေးစက်စက်အထိအတွေ့က ပိုမိုနက်ရှိုင်းကျယ်ပြန့်လာရကား သူဆက်၍မတွေနိုင်တော့ဘဲ မက်တက်ထလိုက်သည်....
"ဟိုက်ရှားပါး"
သူ့ပါးစပ်ကအာမေဒိတ်သံနှင့်အတူ
"ဝါး" "ခစ်ခစ်"
ရုတ်တရတ် ချိန်ကိုက်ဗုံးပေါက်ကွဲသံလို ပေါက်ကွဲထွက်ကျလာသော ရယ်သံ၊ လှောင်သံများ ချိန်သားကိုက်ပင်ထွက်ပေါ်လာရကား သူ့မျက်နှာတစ်ခုလုံးဖြူသွားခြင်းလား၊ နီမြန်းသွားခြင်းလား မသဲကွဲပေမယ့် သူ့စိတ်ထဲမှာတော့
ငါ #$%^&*!$#
နာမဝိသေသနများစွာတို့ဖြင့် အမွှန်းတင်ကာ တစ်စုံတစ်ယောက်ကို ကျိန်ဆဲမိရုံကလွဲ၍ ဘာမှစွမ်းသာသည်တော့မဟုတ်ပါချေ။
သို့သော် ကံကြမ္မာရက်စက်ပုံက ထိုမျှနှင့်မပြီး
" ကျွီး"
" အမလေ့ ပလုတ်တုတ်"
"ဟင်"
တစ်လောကလုံး ပြန်းဆန်သွားသလို ကားတစ်စီးလုံးပြုန်းဆန်သွားသည့်အခိုက်တန့်မှာတော့ဖြင့်
"ခစ်ခစ်ခစ်"
"ဖြစ်ရလေဟယ်"
သူတတ်ထိုင်မိသော အန်ဖတ်ကို ငုတ်၍ကြည့်မိတုန်း ကားကဘရိတ်ဆောင့်အုတ်လိုက်မိလေတော့ သူ့မျက်နှာတစ်ခုလုံး ဖြူသွားခြင်းလား၊ နီမြန်းသွားခြင်းလား ???....................











ကျေးဇူးအထူးတင်ပါသည်။ ရေဂင်(ကစဲ)

Saturday, October 27, 2018

ကျွန်ုပ်မသိခြင်းမျာ

=====

   
     အတိတ်ကာလဟူသည် မမေ့စကောင်းဟု လူကြီးမိဘများ၏ ဆိုဆုံးမမှုများကို ကြားနာခဲ့ရဖူးသည်။ ကျွန်ုပ်သည် သူမကို မည်သည့်အချိန်ကမျှ မမေ့လျော့ခဲ့ကြောင်း အရှက်တရားကင်းမဲ့စွာ ဝန်ခံဖူးပါသည်။ သို့သော် ကျွန်တော်သည် ရေဂင်ဖြစ်သည်။ မှတ်ဥာဏ်ကောင်းသူမဟုတ်ပါ။ အမှန်စင်စစ်သော် ကျွန်ုပ်သည် သူမအား မေ့ပစ်လိုက်ရန်ကို မေ့နေခြင်းသာဖြစ်ပါလိမ့်မည်။ နှစ်ယောက် အတူတူ စာကျက်ဖူးသည်၊ နှစ်ယောက်အတူတူ မြေနီလမ်းကလေးများအပေါ်၊ လယ်ကွက်ကွင်းပြင် မြက်ခြောက်များအပေါ်၊ ကတ္တရာလမ်းမပေါ် ဖြတ်လျှောက်ဖူးကြသည်။ ညကြီးသန်းခေါ် သူမအိမ်လိုက်ပို့ဖူးသည်၊ ထီးတစ်လတ်အတူ ဆောင်းကာ လမ်းလျှောက် ဖူးသည်။ ဘက်စ်ကား အတူစီးဖူးသည်။ ထမင်းတစ်ပန်းကန်တည်းကို နှစ်ယောက်အတူစားဖူးသည်။ ရန်ကုန်မြို့လမ်း(၅၀)တွင် ငါးနီတူသုပ်စားခဲ့ဖူးသည်။ ရုပ်ရှင်အတူတူကြည့်ဖူးသည်။ ဘောလုံးပွဲကြည့်ဖူးသည်။ ထိုထိုသော အတိတ်တို့အား မည်သို့ မေ့ရပါတော့ မည်နည်း။
နင်ငါ့အကြောင်းမသိပါဘူးဟာ၊ တကယ်သိရင် ငါ့ကို ခွင့်လွှတ်နိုင်မှာမဟုတ်ပါဘူး
နင်မှန်ပါတယ်ဟာ
နင်ငါ့ကို ဘာလို့အဲလောက်ကြောက်နေရတာလဲ
နင့်ငါ့ကို မမေ့ဘူးလို့သာပြောနေတာ၊ ငါ့ကိုချစ်တယ်ဆိုဘာ ဘာသက်ေ​သမှ မပြနိုင်ဘူးလေ
ဟဲ့ …. နင်ကလည်း ငါ့မှာချစ်သူရှိနေတယ်လေ
ငါ့နင့်ကို မတွယ်တာတော့ဘူးဟာ…….. စသည်စသည်ဖြင့် ……။
     အကြောင်းရှိ၍ အကျိုးရှိသည် ဆိုသည့် စကားအား မှန်သည်ဟု ကျွန်ုပ်မဆိုလိုနိုင်ပါ။ အရာရာတွင် ချွင်းချက်များရှိနိုင်မည်သာ ဟု ထိုစကားကို ချေပရန်အလို့ငှာ မိမိဘာသာ မိမိ ဆင်ခြေပေးမိပါသည်။ ကျွန်တော် သူမကို…….ပါသည်။ ယင်းမှာ အကြောင်းလား၊ အကျိုးလား စဉ်းစားရန် ကျွန်ုပ်ဥာဏ်မမီပါ။ စဉ်းလည်း မစဉ်းစားမိပါ။ မည်သို့ပင်ဖြစ်စေ သူမကို …….နေရသည်ပင် လောကီစည်းစိမ်ဟု။ နေတက်ပါက ကျေနပ်စရာချည်းဟူ၍ပင် ရှေးလူကြီးတို့ စကားချန်ရစ်ခဲ့ပါပြီမဟုတ်ပေလော။ ကျွန်ုပ်သည် အမွေးနံ့သာများကို ကြိုက်နှစ်သက်သူမဟုတ်ပါ။ ထို့ကြောင့် ပုတ်အဲနေသည့် ရေဂင်ကို ခြစား၍ ပွလန်ကျဲနေသည့် စာအုပ်ပုံတွင် ရှာ၍တွေ့ရှိနိုင်ပါသည်။ သို့သော် ကျွန်ုပ်သည် တန်းဖိုးနည်း ရေမွှေးပုလင်းတစ်ခုကို သူမအားလက်ဆောင်ပေးခဲ့မိပါသည်။ ထိုရေမွေးပုလင်းအား စိတ်ထွက်ပေါက်အဖြစ် ရိုက်ခွဲပစ်တန်ကောင်း ပါသည်လေ။ ကျွန်ုပ်မကြိုက်သည့် ဂျယ်လီကိုလည်း ကျွန်ုပ်အား စေတနာဖြင့် ကျွေးဖူးပါသည်။ သို့သော် ဘူ၊ ကိုး မသိသူကျွန်ုပ်မှာ အလိုက်ကမ်းစိုးမဲ့စွာပင် ငြင်းမိပါ၏။ ထိုအတွက် နောင်တရသည်ဟု မဆိုလိုပါ။ မွှေးရနံ့များမကြိုက်သော ကျွန်ုပ်သည် ရေမွှေးနံ့ထုံနေတတ်သည့်သူမ ကိုယ်သင်းရနံ့အား ရှူရှိုက်ရသည်ကိုတော့ အလွန်ပင် ကြိုက်နှစ်သက်ပါသည်။ နှစ်ယောက်အတူတူ လမ်းလျှောက်ဖြစ်လျှင် ကျွန်ုပ်မှာ ပုခုံးနှစ်ဘက်မထိမိအောင် သတိထား၍လျှောက် နေရကြောင်း သူမလည်းသိသည်ဟုထင်ပါသည်။ သိနိုင်လောက်မည်သာ။ နှစ်ယောက်အတူ ရှိနေချိန်တွင် ကျွန်ုပ်သည် တိတ်ဆိတ် နေတတ်ပါသည်။ စကားလုံးများကို အယုံအကြည် မရှိ၍ မဟုတ်ကြောင်း သိစေလိုပါသည်။ ရှေးပဝေပသီမှစ၍ လူသန်းပေါင်းများစွာ၊ မျက်မှောက် ပစ္စုပ္ပန်တွင်လည်း လူသန်းပေါင်းများစွာ၊ နောက်လာလတ္တံသော နှစ်ကာလများတွင်လည်း လူသန်းပေါင်းများစွာတို့ ပြောကြလိမ့်မည့် စကားကို ကျွန်ုပ်တို့နှစ်ယောက်ကြားတွင်မှ ဘာကြောင့်များ ထပ်မံပြောကြားရန် လိုအပ်နေရပါသနည်း။ ဝတ္ထုတစ်ပုဒ်၊ ကဗျာတစ်အုပ်သည် လုံလောက်သင့်ပေပြီဟု ကျွန်ုပ်ယုံကြည်ပါသည်။ လေထဲတွင် ပျောက်ကွယ်သွားမည့် စကားလုံးများဖြင့် တည်ဆောက်မည့် အနာဂတ်ကို မည်သည့်အကြောင်းပြ ချက်ကြောင့် ယုံကြည်သင့်ပါသနည်း။ ကျွန်ုပ်ဘာမျှမသိပါ။
      နေသည် အရှေ့အရပ်က ထွက်သည်လား၊ နေထွက်ရာအရပ်ကို အရှေ့ဟုခေါ်သည်လား ကျွန်ုပ်မသိပါ။ ကျွန်ုပ် မသိတာများပါသည်။ သူမအကြောင်းကိုလည်း ကျွန်ုပ်မသိပါ။ သို့သော် သူမလက်ဆောင်ပေးသည့် ကော်ဖီမစ်ထုပ်ကတော့ ပိုခါးသည်။ ပိုကောင်းသည်။ ထိုကော်ဖီမစ်ထုပ်များဖြင့် အမှောင်ထုကို ဖြတ်သန်းခဲ့သည်။ တိတ်ဆိတ်မှုနှင့် မိတ်ဖွဲ့ခဲ့သည်။ ကဗျာများကို မီးဖွားသန့်စင်ခဲ့သည်။ ထိုအတွက်လည်း ကျေးဇူးအထူးပင်တင်ရှိပါသည်။ ဆရာဇော်ဇော်အောင်ကဲ့သို့ပင် ကျွန်ုပ်သည် သူမကို နှင်းဆီပန်း ဥယျာဉ်လက်ဆောင်ပေးချင်မိပါ၏။ သို့သော်လည်း နှင်းဆီပန်းဥယျာဉ်ပေးပါမည်ဟု မည်သည့်အခါကမျှ ကတိမပေးခဲ့ဖူးပါ။ ဘဝတစ်ခုလုံးပိုင်ဆိုင်ထားသူအတွက် နှင်းဆီးပန်းဥယျာဉ်သည်လည်း လိုအပ်လိမ့်မည်မဟုတ်ဟုထင်ပါသည်။ သို့သော် ကျွန်ုပ်အထင်မှာ အထင်သက်သက်လည်း ဖြစ်သွားနိုင်ပါသေးသည်။ တကယ်တမ်းတွင် ဘဝသည် နှင်းဆီပန်းတစ်ပွင့်လောက်မျှပင် သူမအတွက် အသုံးတည့်ချင်မှလည်း တည့်နိုင်လိမ့်မည်ဟု ကျွန်ုပ်တွေးသင့်ပါပေသည်။ ထိုအတွက် ဟန်ထူးလွင်၏ “ကျွန်ုပ်မသိခြင်းများ” သီချင်းကိုသာ အကြိမ်ကြိမ် ညည်းဆိုမိရင်း …… ။

#​ကျေးဇူးတင်​ပါသည်​။
ရေဂင်​ (ကစဲ)

ကျော်ထွန်း

            ကိုကျော်ထွန်းဆိုရင် ဒီရပ်ကွက်ထဲမှာတော့ မသိတဲ့သူမရှိသလောက်ပဲ။ ဒါပေမယ့် ကျော်ထွန်းဆိုပြီး နာမည်နဲ့လူတွဲအပ်သိတာတော့ မဟုတ်ဘူးပေါ့။ သ...